International News

ပို့ကုန်တိုးမြှင့်တင်ပို့ရန် ထိုင်းဆန်အမျိုးအစားအသစ်များ တန်းစီထား

Last Updated:

ထိုင်းနိုင်ငံသည် ဆန်တင်ပို့မှု ယှဉ်ပြိုင်နိုင်စွမ်းကို တိုးမြှင့်ရန်အတွက် ၂၀၂၄ ခုနှစ်တွင် စီးပွားဖြစ်ဆန်အမျိုးအစားသစ် ၁၂ မျိုးအထိ တိုးချဲ့ထုတ်လုပ် သွားရန် စီစဉ်ထားရှိပါသည်။

စီးပွားဖြစ်ဆန်အမျိုးအစားသစ်များ ထုတ်လုပ်သူများအတွက် ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပခဲ့ရာ ထိုင်းနိုင်ငံ၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ဝန်ကြီး Jurin Laksanawisit က ဝန်ကြီးဌာနသည် လက်ရှိဈေးကွက်နှင့် စျေးကွက်အသစ်နှစ်ခုလုံး အတွက် ထိုင်းဆန်ထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ရန်နှင့် ပို့ကုန်တိုးမြှင့်တင်ပို့ခြင်းကို အရှိန်မြှင့်တင်ဆောင်ရွက်ရန်အတွက် ထိန်းချုပ်ကွပ်ကဲရေးဌာန တစ်ခုကို ထူထောင်ထားရှိကြောင်း ပြောကြားခဲ့ပါသည်။ စီးပွားဖြစ်ထုတ်လုပ်မည့် ဆန်အမျိုးအစားသစ် ၁၂ မျိုးမှာ ဆန်ကြမ်း ၄ မျိုး၊ ဆန်ချော ၄ မျိုး၊ ထိုင်းဆန်မွှေး ၂ မျိုးနှင့် အာဟာရမြင့် ဆန်အမျိုးအစား ၂ မျိုးဖြစ်ပြီး အဆိုပါဆန်အမျိုးအစားအသစ်များသည် ကမ္ဘာတစ်ဝှမ်းရှိ စားသုံးသူများအကြား ဝယ်လိုအားမြင့်တက်လျက်ရှိကြောင်း Mr Jurin က ပြောကြားပါသည်။

 

(ခက်ခက်နွယ်ဖူး၊ Myantrade)
Source: ricenewstoday.com

Category: International News